" ဗုဒ္ဓကို ပူဇော် ခြင်း အဆင့်အမျိုးမျိုး " အဆင့် (၁) ဒါနဖြင့် ပူဇော်ခြင်း -
အဆင့် (၁) ဒါနဖြင့် ပူဇော်ခြင်း - မိမိထံရောက်ရှိပြီး စည်းစိမ်ဥစ္စာကို ပြန်လည်စွန့်ကြဲခြင်းဖြင့် ဒါနပြုခြင်း၊ (ပ) ပရဟိတစိတ်ဖြင့် သက်ရှိသတ္တ၀ါများကို ကျန်းမာချမ်းသာစေရန် ပေးကမ်းလှူဒါန်းခြင်း၊ (ဒု) ဗုဒ္ဓသာသနာကို အဓွန့်ရှည်တည်တံ့ခိုင်မြဲ ဖွံ့ဖြိုးစေရန် ရည်သန်၍ ဒါနပြုခြင်း၊ အဆင့် (၂) သီလဖြင့် ပူဇော်ခြင်း - (ပ) ကိုယ်ချင်းစာတရားဖြင့် ငါးပါးသီလကို ကိုယ်နှုတ်စိတ်တို့ဖြင့် လုံခြုံအောင်ထိန်းသိမ်းခြင်း၊ (ဒု) (၈)ပါး (၉)ပါး သီလ၊......သံဃာတော်များသည် (၂၂၇)ပါး ၀ိနည်းသိက္ခာတော်ကို ထိန်းသိမ်းခြင်း၊ အဆင့် (၃) သမာဓိဖြင့် ပူဇော်ခြင်း - ထို့ထက်အဆင့်မြင့်လိုသော ပုဂ္ဂိုလ်တို့သည်(ပ) ကိုယ်ကျင့်သီလကို ကိုယ်နှုတ်အပြင် စိတ်ကိုပါ သမထဖြင့် (အခိုက်အတန့်အားဖြင့်) ဖြူစင်သန့်ရှင်းစင်ကြယ်အောင် ထိန်းသိမ်းနိုင်ခြင်း၊ (ဒု) ကိုယ်ကျင့်သီလကို သမာဓိဖြင့် (အချိန်ကြာရှည်စွာ) ခိုင်မြဲအောင် ထိန်းသိမ်းနိုင်ခြင်း၊ အဆင့် (၄) ၀ိပဿနာဘာဝနာဖြင့် ပူဇော်ခြင်း - (ပ) တစ်သံသရာလုံးမှာ ပါလာသမျှ မိစ္ဆာဒိဋ္ဌိ (မှားယွင်းနေသောအမြင်၊ မှားယွင်းနေသောအယူများ) ကို သမ္မာဒိဋ္ဌိ (မှန်ကန်သောအမြင်) ဖြစ်အောင် ရှုပွားနိုင်ခြင်း၊ (ဒု) သောတပတ္တိမဂ်ဖိုလ် ဆိုက်ရောက်အောင် ကျင့်ကြံနိုင်ခြင်းမှသည် အရဟတ္တမဂ်ဖိုလ်သို့ ဆိုက်ရောက်အောင် ကျင့်ကြံနိုင်ခြင်း၊ |
Pagodas is in myanmar
Dhamma Music Flash
|